UWSA  (ဝ)တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆေးဘက်ဆိုင်ရာသင်တန်း ဖွင့်လှစ် သင်ကြားနေမှုအား ကြည့်ရှုအားပေး

 

UWSA  (ဝ)တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆေးဘက်ဆိုင်ရာသင်တန်း ဖွင့်လှစ် သင်ကြားနေမှုအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီ - ၂၅
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ဝမ်ဟုန်ကျေးရွာရှိ ဝမ်ဟုန်ဆေးရုံ၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းမှ ဆေးတပ်ဖွဲ့ဝင်များဖြင့်UWSA  (ဝ)တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆေးပညာရပ်ဆိုင်ရာများ သင်ကြားပေးရန်အတွက် ဆေးဘက်ဆိုင်ရာ သင်တန်းအမှတ်စဉ်(၁ /၂၀၂၁)ကို ဇန်နဝါရီ ၁၈ ရက်မှစတင်၍ ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
    
အဆိုပါသင်တန်း၌ တက်ရောက်သင်ကြားနေသည့် UWSA  (ဝ)တပ်ဖွဲ့ဝင်များ၊ မိသားစုဝင် သင်တန်းသား၊သင်တန်း သူများကို ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ မိုင်းဆတ်တပ်နယ်မှ တာဝန်ရှိသူများ၊UWSA  (ဝ)တပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ သင်တန်းသား၊ သင်တန်းသူများအတွက် Mask များကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။