UWSA (ဝ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆေးပညာရပ်ဆိုင်ရာများ သင်ကြားပေး နေမှုများနှင့် ဝမ်ဟုန်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

UWSA (ဝ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆေးပညာရပ်ဆိုင်ရာများ သင်ကြားပေး နေမှုများနှင့် ဝမ်ဟုန်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊  ဖေဖော်ဝါရီ - ၈
         
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ဝမ်ဟုန်ကျေးရွာရှိ ဝမ်ဟုန်ဆေးရုံ၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းမှ ဆေးတပ်ဖွဲ့ဝင်များ UWSA (ဝ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆေးပညာရပ်ဆိုင်ရာများ သင်ကြားပေးရန်အတွက် ဆေးဘက်ဆိုင်ရာသင်တန်းအမှတ်စဉ်(၁/၂၀၂၁)ကို ဇန်နဝါရီ ၁၈ ရက်မှစ၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
    
အဆိုပါ သင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ် ဌာနချုပ်၊ မိုင်းဆတ်တပ်နယ်မှ ဗိုလ်မှူးကြီး သော်ဇင်ဦး နှင့် တာဝန်ရှိသူများ UWSA (ဝ) တပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူများ အတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။
    
ထို့နောက် ဗိုလ်မှူးကြီး သော်ဇင်ဦး နှင့် တာဝန်ရှိသူများသည် ဝမ်ဟုန်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။