၇-၁၁-၂၀၂၂ မြဝတီရုပ်မြင်သံကြားပြည်တွင်းသတင်း (ည ၈:၀၀ နာရီ)
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ (၁၉) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးသို တက်ရောက်သည်။ (နိုဝင်ဘာလ ၇)
တန်ဆောင်မုန်းလပြည်နေ့တွင် ရဋ္ဌနန္ဒက ဆင်ဖြူတော်လေးအပါအဝင် အခြားဆင်ဖြူတော်များနှင့် အဖော်ဆင်များအား အစာလာရောက်ကျွေးမွေးကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။ (နိုဝင်ဘာလ ၇)
တန်ဆောင်မုန်းလပြည်နေ့(သာမညဖလအခါတော်နေ့)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား ၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းစွာ လာရောက်ဖူးမြော်ကြည်ညှိ ၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များ ကျင်းပပြုလုပ်လျက် ရှိသည်။ (နိုဝင်ဘာလ ၇)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့် ပိုဆောင်ရေး တပ်ဖွဲနေ့ အခမ်းအနားသို တက်ရောက်ချီးမြှင့် ၊ ဂုဏ်ပြုအမှာစကား ပြောကြားသည်။ (နိုဝင်ဘာလ ၇)
၆-၁၁-၂၀၂၂ မြဝတီရုပ်မြင်သံကြားပြည်တွင်းသတင်း (ည ၈:၀၀ နာရီ)
သန့်ရှင်းသာယာသောမြို့ ၊ ရွာ များ ဖြစ်စေရေး ဒေသခံပြည်သူများ ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များက အားတက်သရော ဆောင်ရွက်သည်။(နိုဝင်ဘာလ ၅)
တိုင်းဒေသကြီး ၊ ပြည်နယ်များနှင့် တိုင်းစစ်ဌာနချုပ်များ၌ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများ ကျင်းပပြုလုပ်သည်။ (နိုဝင်ဘာလ ၅)
တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး ၊ ကိုကိုးကျွန်းမြို့နယ်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ပေးသည်။ (နိုဝင်ဘာလ ၅)
တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းနှင့် ရန်ကုန်မြိုရှိ ပြည်သူ့ရင်ပြင်တို၌ မီးရှူးမီးပန်းများ ပစ်ဖောက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာချက်။(နိုဝင်ဘာလ ၅)