UWSA (ဝ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား  ဆေးဘက်ဆိုင်ရာ သင်တန်းနှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ် သင်ကြား

နေပြည်တော် ဧပြီ  ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ဝမ်ဟုန်ကျေးရွာရှိ ဝမ်ဟုန်ဆေးရုံ၌ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ ဆေးတပ်ရင်းမှ ဆေးတပ်ဖွဲ့ဝင်များဖြင့့် UWSA (ဝ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆေးပညာရပ်ဆိုင်ရာများ သင်ကြားပေးရန်အတွက်   ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၂/၂ဝ၂၁)နှင့် ဆေးဘက်ဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁) သင်တန်းဖွင့်ပွဲကို   ယနေ့နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ UWSA (ဝ)အဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

  ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက သင်တန်းဖွင့် အမှာစကားပြော ကြားပြီးUWSA (ဝ)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

  ထို့နောက် ဆေးဘက်ဆိုင်ရာ သင်တန်းနှင့်   ဆေးဘက်ဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချရာတွင် အသုံးပြုသည့်   သင်ထောက်ကူပစ္စည်းများအား  တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့့် UWSA (ဝ)အဖွဲ့မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

  အဆိုပါ ဆေးဘက်ဆိုင်ရာ သင်တန်း အမှတ်စဉ်(၂/၂ဝ၂၁) သင်တန်းကို ဒေသခံ တိုင်းရင်းသား ပြည်သူသင်တန်းသား၊ သင်တန်းသူ ၄၆ ဦးဖြင့် လည်းကောင်း၊ ဆေးဘက်ဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂ဝ၂၁)ကို ဒေသခံတိုင်းရင်းသားပြည်သူ သင်တန်းသား၊ သင်တန်းသူ ၂၄ ဦးတို့ဖြင့် မေ ၂၁ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။