ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၆

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ ၄ ရက် တွင် လားရှိုးမြို့၊ အရှေ့ခါးရိုးလမ်း၊ နယ်မြေ(၈)ရက်ကွက်(၉)နေ ကျော်မော်အောင် (ခ)အောင်အောင်(ဘ)ဦးသိန်းထွန်းအောင်နှင့် စိုးမင်းဦးတို့ ၂ ဦးအား လက်လုပ်သေနတ် (၁)လက်၊ ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊  အေပြီ ၅ ရက်တွင် တာမွေမြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက်၊ စမ္မစန္ဒာလမ်း၊ အမှတ်(၃၈)၊ (၇)လွှာ၊ အခန်း(ဘီ)၌ လက်လုပ် သေနတ် ၁ လက်၊ လက်လုပ်အသံဗုံး ၁ လုံး၊ အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ (၆)လမ်းနေ မစန်းစန်းထွေး (ခ)ထွေးလေး(ဘ)ဦးအောင်မျှင်၏နေအိမ်၌ ၎င်းအား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြု သည့်ပစ္စည်းများဖြင့်လည်းကောင်း၊  မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာရှိ သက်လွင်၏ နေအိမ်၌ ၎င်းအား WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀ ပြား၊ လေဖိ အားသုံးပစ္စတို ၁ လက်၊ ဂျင်ကလိ ၁၂ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့် တွေ့ရှိသဖြင့် ဆက်လက်ရှာဖွေရာ အဆိုပါခြံဝန်းအနီး၌ မသင်္ကဖွယ်ရာ Taxi တစ်စီး တွေ့ရှိသဖြင့် စစ်ဆေးရာ မျိုးမင်းလတ်(ဘ) ဦးအောင်၊ ဇော်ထိုက်(ဘ)ဦးအောင်သိန်း၊ မမေသဇင်(ခ)မဗိုက်(ဘ)ဦးမောင်ရှိန်၊ မသဉ္ဇာလင်း(ဘ)ဦးထိန်လင်းနှင့် မမျိုးသီရိကျော် (ဘ)ဦးထိန်လင်း တို့ ၅ ဦးအားလည်းကောင်း၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ စည်သူလမ်းရှိ ကျော်မျိုးခိုင်(ဘ)ဦးစိုးတင့်အား ၎င်း၏နေအိမ်၌ ပစ္စတို ၁ လက်၊ ၎င်းကျည် ၅၂ ဖြင့်လည်းကောင်း၊ ထန်းတောရပ်ကွက်ရှိ မျိုးသီဟလက်ဖက်ရည်ဆိုင်အတွင်းမှ မက်ဂနတ်သေနတ် ၂ လက်၊ အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ပင်လည် ဘူးမြို့၊ မိုးကောင်းရပ်ကွက်၊ စော်ဘွားဘုရား တောင်ကုန်းပေါ်၌ တူမီးသေနတ် ၁ လက်၊ လက်လုပ်မိုင်း ၈ လုံး၊ မီးပုလင်း ၁၅ လုံး၊ အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ပခုက္ကူမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရတနာဆိုင်ကယ်ပြင်ဆိုင် အတွင်းမှ ဆိုင်ရှင်ဖြစ်သူ ထွန်းလှိုင်အား ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ပစ္စည်း များနှင့်လည်းကောင်း၊ ခင်ဦးမြို့နယ်၊ ကန်သစ်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်း ဦးစိန်ထွန်း(ဘ) ဦးစွန်၏နေအိမ်၌ လက်လုပ်သေနတ် ၂ လက်၊ ဂျင်ကလိ ၈ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ အင်းပတ်ကျေးရွာရှိ SEVEN STAR စားသောက်ဆိုင်၌ ဝင်ရောက်လုပ်ကိုင်နေသူ မိုးဆန်းဦး(ဘ)ဦးမြင့်ဌေးအား မီးပုလင်း ၁၀ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။

အလားတူ ယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းနှင့် သံသုမာ လမ်းထောင့်၌ မော်တော်ယာဉ်အမှတ်၊ YGN/ 9D-6146၊ TOYOTA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အောင်ကျော်သက်(ခ) ရောကျော်(ဘ) ဦးကြည်မောင်၊ ဦးထိန်လင်း(ဘ)ဦးထော်ကြီးနှင့် ဦးထွန်းဝင်းအောင်(ခ) စောကရင်(ဘ) ဦးလှိုင်ထွန်းတို့အား WY စာတန်းပါစိတ်ကြွရူးသွပ်ဆေး ပြား ၁၇ ပြား၊ ဆူပူအကြမ်းဖက် မှုတွင်အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ မြောက်ဉက္ကလာပမြို့နယ်၊ (ဌ)ရပ် ကွက်၊ ပတ္တမြားလမ်း၊ အမှတ်(၂၀၉/ဘီ)ရှိမြို့နယ် NLD ပါတီအလုပ်အမှုဆောင် ဦးသန့်ဇင်၏နေအိမ်အတွင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးခွဖြင့်ပစ်ခတ်ရန်ပြု တိုက်ခိုက်လာသဖြင့် ဝင်ရောက်စစ်ဆေးရာ သူရိန်အောင်(ဘ)ဦးတင်ရွှေ၊ ကျော်ဇင်ဦး(ဘ) ဦးဘလွင်၊ ဘုန်းခန့်ထွန်း(ဘ)ဦးထွန်းထွဋ်ဌေးနှင့် နိုင်မင်းထက်(ဘ) ဦးအောင်နိုင်ဦးတို့ ၄ ဦးအား ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့်ပစ္စည်းများ၊ အခြားဆက်စပ်ပစ္စည်းများဖြင့် လည်း ကောင်း၊ မဟာအောင်မြေမြို့နယ်၊ စံပြရပ်၊ သံလျက်မှော်အနောက်ရပ်ကွက်ရှိ အဆောင် အတွင်းမှ ရန်နိုင်အောင်(ဘ)ဦးဟန်ဝင်း၊ ဟိန်းထက်ဇော်(ဘ) ဦးစိုးနိုင်၊ ဟိန်းထက်အောင်နှင့် ဇင်ကိုကိုအောင်တို့အား ၃ လက်မကော်ပိုက်များ ဖြင့်ပြုလုပ်ထားသည့် အရှည် ၄ ပေခွဲရှိ လက်လုပ်ဗုံးပစ်လက်နက် ၃ လက်၊ လက်လုပ် သေနတ် ၅ လက်၊ လက်လုပ်မိုင်း ၇၀ လုံး၊ အခြားဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

 ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဉပဒေအရထိရောက်စွာ အရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။