ဘာစီလိုနာအသင်းမှ တောင်ပံကစားသမား ဒမ်ဘီလီကို ဥရောပထိပ်တန်း အသင်းကြီးလေးသင်း အပြိုင် ကမ်းလှမ်းရန် ပြင်ဆင်နေ

ဘာစီလိုနာ၊ ဘောလုံး

ဘာစီလိုနာအသင်း တောင်ပံကစားသမား ဒမ်ဘီလီကို နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင်  ဥရောပထိပ်တန်းအသင်းကြီး လေးသင်းက အပြိုင်ကမ်းလှမ်းရန်ပြင်ဆင်နေကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် ဒမ်ဘီလီသည် ဘာစီလိုနာ အသင်းနှင့် စာချုပ်သက်တမ်း  တစ်နှစ်သာကျန်ရှိ တော့ပြီး ဘာစီလိုနာအသင်းအတွက် ယခုဘောလုံးရာသီတွင် စာချုပ်သစ်မချုပ်ဆိုနိုင်ပါက လာမည့် ဘောလုံးရာသီတွင်    အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည်ဖြစ်သည်။

ဘာစီလိုနာအသင်းက ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုမှုမပြုလုပ်တော့ဘဲ လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစားသမားခေါ်ယူမှုများ ပြုလုပ်လိုနေသည့်အတွက် ရောင်းချဖွယ် ရှိနေသည်။

ဘာစီလိုနာအသင်းက ရောင်းချဖွယ်ရှိနေသည့် ဒမ်ဘီလီကို အစောပိုင်းက မန်ယူအသင်းတစ်သင်း တည်းက သာခေါ်ယူရန် စီစဉ်နေသော်လည်း နောက်ပိုင်းတွင် ဂျူဗင်တပ်စ်အသင်း၊ ပီအက်စ်ဂျီအသင်းနှင့် လီဗာပူး အသင်းတို့ကလည်း အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

မန်ယူအသင်းက ဒမ်ဘီလီကို ကာလရှည်ခေါ်ယူလိုပြီး လက်ရှိတွင်လည်း ဝါရင့်တိုက်စစ်မှူး ကာဗာနီနှင့် အဆင်မပြေဖြစ်နေသည့်အတွက် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် နောက်ထပ်တစ်ကြိမ် ဒမ်ဘီလီကို ကမ်းလှမ်းမှုများပြုလုပ်မည်ဖြစ်သည်။

ဒမ်ဘီလီသည် အစောပိုင်းနှစ်များက ဒဏ်ရာပြဿနာများ မကြာခဏတွေ့ကြုံနေပြီး ပွဲထွက်ခွင့် မရရှိခဲ့ သော်လည်း နည်းပြကိုးလ်မန်းလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့် ပြန်လည်ရရှိခဲ့ကာ ပြိုင်ပွဲစုံ ၁၀ ဂိုးသွင်းယူ ထားပြီး  ဂိုးဖန်တီးမှုလေးကြိမ်ပြုလုပ်ထားကြောင်း သိရသည်။                             

Ref;AS