ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်    ဧပြီ    ၇

ဆူပူအကြမ်းဖက်သူများ အသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေသတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၅ ရက်တွင် ကျောက်ပန်းတောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ အုတ်တံတိုင်းအနီး၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများအားလည်းကောင်း၊ ဧပြီ ၆ ရက်တွင် ကျောက်မဲမြို့၊   ရပ်ကွက်(၂)၊ နယ်မြေ(၁၅)၊ သစ်တောလမ်းရှိ ဦးဝေဖြိုးနိုင် ပိုင်ဆိုင်သည့် ရိုးမသံဆိုင်ဂိုဒေါင်အတွင်း၌ အလုပ်သမားဖြစ်သူ မျိုးမြတ်အောင်(ဘ)ဦးခင်မောင်ဝင်းအား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများဖြင့်လည်းကောင်း၊ မြောင်းမြမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြိုင်မာလာ (၃)လမ်း၊ အိမ်အမှတ်(၈၁)၌ ြီူ ပါတီဝင် ဘိုဘိုဇင်(ဘ)ဦးမြင့်ဆွေ၊ မျိုးခိုင်(ဘ)ဦးမြင့်သိန်းနှင့် ကြည်စိုးလင်း(ဘ)ဦးလှကြည်တို့ ၃ ဦးအား ဆေးခြောက် ၁ ဒသမ ၅ ဂရမ်ခန့်၊ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

အလားတူ ယနေ့တွင် မိုးကောင်းမြို့၊ လွယ်လီယံကျေးရွာရှိ  ဝင်းဦး၏နေအိမ်၌ ၎င်းင်းအား လေသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ အခြားဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊   လားရှိုးမြို့၊   ရပ်ကွက်(၁၁)၊ နယ်မြေ(၁)၊ နမ့်ပါချီးလမ်း၌ ဒေါ်စန္ဒာဇော် (ဘ)ဦးဇော်နောင်ထွေးအား လက်လုပ်ဗုံး ၄၅ လုံး၊ ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ မြိတ်မြို့နယ်၊ သမုတ်- လွတ်လွတ်တံတား၌ ဦးဆန်းဝင်းအောင်(ခ) မောင်မောင်နှင့်ဦးကိုကိုတို့ ၂ ဦးအား ဂျင်ကလိ ၉ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ ထားဝယ်မြို့၊ ဆိပ်ကမ်းသာလမ်းနှင့် ဘူတာရုံလမ်းထောင့်၊ ဆားဂိုဒေါင်အနီး၌ ဆူပူအကြမ်းဖက်သူများက  လုံခြုံရေးတပ်ဖွဲ့ဝင်များအား တူမီးသေနတ်၊ လက်လုပ်မိုင်းများဖြင့် ရန်ပြုတိုက်ခိုက်လာခဲ့သဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ ၎င်းတို့အနက်မှကြည်မြင့်၊ ဥက္ကာရှိုင်း အောင်၊ ကျော်လွင်၊ သူရသိန်းနှင့်ကျော်စွာတို့ ၅ ဦးအား  တူမီးသေနတ်  ၃ လက်၊ အခြားဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ ကျောက်ဆည်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း လမ်းမပေါ်၌ ဆူပူအကြမ်းဖက် သူများအား   လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရာ ၎င်းတို့အနက်မှ အမျိုးသား ၃ ဦးအား ဆိုင်ကယ် ၆ စီး၊ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများဖြင့် လည်းကောင်း၊ ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၊ ကျောင်းဝင်းလမ်းထိပ်၌  ဆူပူအကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား တုတ်၊ ဓား၊ လေးခွ၊ လေသေနတ်၊ မီးပုလင်း၊ ဂျင်ကလိ၊ အုတ်ခဲများဖြင့် ရန်ပြု တိုက်ခိုက်လာသဖြင့် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ်လူစု ခွဲခဲ့ရာ ၎င်းနေရာမှ ဂျင်ကလိ ၁၀ ချောင်း၊ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်အခြား ဆက်စပ်ပစ္စည်းများအား လည်းကောင်း ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။

ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊  ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးထိန်းသိမ်း ရမိသူများကို  ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  စစ်ဆေးရှာဖွေ သတင်းဖော်ထုတ်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။