နေပြည်တော် ဧပြီ ၈
ရခိုင်ပြည်နယ်၊ နတ်မြစ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ သည် ဧပြီ ၇ ရက်တွင် မောင်တောမြို့၏ တောင်ဘက် ၅ မိုင်ခန့်အကွာ၌ အလျား ၅၅ ပေ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်ရှိ တရားမဝင် သစ်ခိုးလှေ တစ်စီးပေါ်မှ အမျိုးသား ၅ ဦးအား ကညင်သစ်ခွဲသား ဆိုဒ်စုံ၁ဝ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူ၊ လှေနှင့်သစ်များအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။