တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၂၄) သူရတပ်ခွဲ သင်တန်းဆင်းပွဲ ဂုဏ်ပြုညစာ စားပွဲကျင်းပ

နေပြည်တော်  ဧပြီ  ၉

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၄) သူရတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် ဗထူးတပ်မြို့ရှိ အဆိုပါဗိုလ်သင်တန်းကျောင်း စစ်ရာထူးခန့် ခန်းမ ဆောင်၌ ကျင်းပပြုလုပ်သည်။

ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဗထူးတပ်နယ်နှင့် ကလောတပ်နယ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆင်း အရာရှိများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွဲ့ဝင်များနှင့်အတူ သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းသည် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာအတူတကွ သုံးဆောင်ကြသည်။ ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ  ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့၏ ဂုဏ်ပြုတီးခတ်မှုများကို ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။