COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ အထောက်အကူဖြစ်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၂၄

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေး ဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

  ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့ပြည်သူ့ဆေးရုံ၊ ဘန်းယဉ်တိုက်နယ် ပြည်သူ့ဆေးရုံနှင့် ဖယ်ခုံမြို့နှင့် လင်းခေးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နှင့် တာလေမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ပြင်ရွာတိုက်နယ်ပြည်သူ့ဆေးရုံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ ဆေးရုံကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပြည်သူ့ဆေးရုံနှင့် ခန္တီးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်နှင့် မင်းလှမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ပဒါန်းတိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ပြည်သူ့ဆေးရုံနှင့် ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ပြည် သူ့ဆေးရုံတို့၌ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်းခဲ့ကြသည်။

၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေး ဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများနှင့် ဆေးရုံသုံး ပစ္စည်းများဖြစ်သည့် Personal Protective Equipment (PPE)   ဝတ်စုံ ၅၀၀ စုံ၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) ၁၀၀၀ စုံ၊ OT Gawn   ၅၀၀ ခု၊ OT Cap  ၅၀၀ ခုနှင့် ပိုးသတ်ဆေးရည် ၁၅ ဂါလံဝင် ၂ပုံး တို့ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးသို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။