နေပြည်တော်၊ သြဂုတ် - ၂၄
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်မှု များဖြစ်ပေါ်လျက်ရှိသဖြင့် ကျောက်ကြီးမြို့နယ်၊ ကျွန်းပင်ဆိပ်ကျေးရွာရှိ ချောင်းဟောင်းချောင်း ရေထိန်းတာဘောင် ပြုပြင်ခြင်း လုပ်ငန်းများကို ယနေ့တွင် ကျောက်ကြီးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ရေထိန်းတံခါးဘေးတွင် ရေတိုက်စားနေသည့် အလျား ၃၀ ပေ၊ အမြင့် ၈ ပေရှိ တာရိုးအား မျောတိုင်များဖြင့် တုတ်ရိုက်ခြင်း၊ ကျောက်များနှင့် သဲအိတ်ဖိုးခြင်း၊ တာဘောင်အား သဲအိတ်များဖြင့် အမြင့် ၃ ပေ၊ အကျယ် ၂ ပေခန့် ထပ်မံ မြေဖို့ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။