နေပြည်တော်၊ သြဂုတ် - ၂၄
သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွင်းရှိ ကျေးရွာများသို့ နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေများ သွားရောက် လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၈၀၀၀ကို သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။