ပြည်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

နေပြည်တော်   ဧပြီ   ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့

ရှိ ဘုန်းတော်ကြီးကျောင်းများမှ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များနှင့်    သာသနာနွယ်ဝင် သီလရှင်များအား  ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်မြို့၊ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ပြုလုပ်ရာ ရတနာမာန်အောင်တောရကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တနေမိန္ဒအမှူးပြုသော ဘွဲ့တံဆိပ်တော်ရ သံဃာတော် ၃၁ ပါးနှင့် သာသနာနွယ်ဝင် သီလရှင်ဆရာကြီး ပါးတို့ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊    ပြည်တပ်နယ်မှ တပ်နယ်မှူး   ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ပြည်မြို့၊   ရတနာမာန်အောင်တောရကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။  ထို့နောက် ပြည်တပ်နယ်၊ တပ်နယ်မှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွှေဆံတော်ဂေါပက အဖွဲ့ဝင်များက ရတနာမာန်အောင်တောရကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒအမှူးပြုသော အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင် ဆရာကြီးများအား ဘွဲ့တံဆိပ်တော်များ၊  ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက်   ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။