ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်  ဧပြီ  ၁၁

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့်  ဌာနဆိုင်ရာဝန်ထမ်းများနှင့်  တိုင်းရင်းသား ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ရွှေညောင်မြို့၊ ကလော မြို့၊ ရပ်စောက်မြို့၊ ဖယ်ခုံမြို့၊ ပင်လောင်းမြို့၊  ဟိုပုံး မြို့နှင့်  ကယားပြည်နယ်၊ ဘောလခဲမြို့များအတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးပြီး COVID-19 ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ  ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။