ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေး ကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြု ကြည်ညိုလျက်ရှိ၊ ဈေးများ၊ ဆေးရုံများနှင့် ယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပ

နေပြည်တော်  ဧပြီ  ၁၁

ဗုဒ္ဓဘာသာဘုရားစေတီများအပါအဝင် သက်ဆိုင်ရာဘာသာများအလိုက် ဘာသာရေး ကျောင်းများအား ဖူးမြော်ခွင့်၊   ဝတ်ပြုခွင့်များကို ဖေဖော်ဝါရီ ရက်မှစတင်၍  COVID-19 စည်းမျဉ်း၊  စည်းကမ်းများနှင့်အညီ   ပြန်လည်ဖွင့်လှစ်ပေးထားရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊  မန္တလေးမြို့ရှိ  မဟာမုနိရုပ်ရှင် တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌   ဘုရားဖူးလာသံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများက ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။

ထို့အတူ    မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊  မန်းရွှေစက်တော်ဘုရားတွင် မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ ဘုရားဖူးလာရဟန်းရှင်လူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး   COVID-19 စည်းကမ်းချက်များနှင့်အညီ   လာရောက်ဖူးမြော်ကြည်ညိုကုသိုလ်ယူလျက်ရှိကြောင်း သိရှိရသည်။

အလားတူ   သက်ဆိုင်ရာဘာသာရေးကျောင်းများတွင်လည်း ဘာသာဝင်များက စိတ်အေးချမ်းသာစွာ   လာရောက်ဝတ်ပြု

လျက်ရှိကြကြောင်း သိရှိရသည်။

ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများအပါအဝင် အခြားမြို့ကြီးများတွင်လည်း တည်ငြိမ် အေးချမ်းစွာဖြင့် ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားလျက်ရှိပြီး ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊    မီးရထား ခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊   မော်တော်ယာဉ်လိုင်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း   ဖွင့်လှစ်ပြေးဆွဲလျက် ရှိကြောင်း  သတင်းရရှိသည်။