နေပြည်တော်၊ ဧပြီ - ၁၃
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး သည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောက်တော်မြို့နယ်၊ မာလာ ကျေးရွာအနီးဝန်းကျင်နှင့် ကျေးရွာချင်းဆက်လမ်းများတွင် မိုင်းရှင်းရေးလုပ်ငန်းများ ကို နယ်မြေခံတပ်မတော်သားများက ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။