နေပြည်တော်၊ ဧပြီ - ၁၃
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသည့် ရခိုင်ရိုးရာ နံ့သာ သွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ပြုလုပ်ရာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာ အောင်ကျော်မင်းနှင့်အဖွဲ့ဝင်များ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့ သမီးပျိုလေးများက သတ်မှတ်နေရာအသီးသီးတွင် နံ့သာရည်များ သွေးကြရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နံ့သာသွေး အဖွဲ့ဝင်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
၎င်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရှိ ဗုဒ္ဓရုပ်ပွားတော် များအား သွေးပြီးသော နံ့သာရည်များဖြင့် ပတ်ဖျန်းပူဇော်ခဲ့ကြကြောင်း သတင်း ရရှိသည်။