နေပြည်တော်၊ ဧပြီ - ၁၃
ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ် ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက် နေ မပြည့်ဖြိုးသူ(ဘ)ဦးဖေသန်းသည် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင်ပါဝင် စေရန် လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်း အရာများ၊ မမှန်သတင်းများဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့် ဖြစ်စေရန်အတွက် သွေးထိုးလှုံ့ဆော်ခြင်းများပြုလုပ်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများကို လူမှုကွန်ယက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်း များဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ် သွားလာမှုများအား လူမှုကွန်ယက်စာမျက်နှာပေါ်သို့ တင်ခြင်းများဆောင်ရွက်ခဲ့သဖြင့် ၎င်းအား သက်ဆိုင်ရာ ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အေပြီ ၉ ရက်တွင် အမှုဖွင့်လှစ် ထားရှိရာ အေပြီ ၁၂ ရက်တွင် မုံရွာမြို့၊ မြတ်ရတနာဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ဉပဒေနှင့်အညီ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့၊ မြစ်ငယ်မီးရထားစက်ရုံမှ လက်ထောက်အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဌေးလင်း(ဘ) ဦးအောင်မြင့်သည် ၎င်းကိုယ်တိုင် CDM လှုပ်ရှားမှုတွင်ပါဝင်ခြင်းနှင့် တာဝန် ထမ်းဆောင်နေသည့်ဝန်ထမ်းများအား လိုက်လံစည်းရုံးခြင်း၊ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် လှုံဆော်စာများရေးသားခြင်း၊ CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်း မရှိသည့် ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် မြစ်သားမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ၅၀၅-က(ဂ)ဖြင့် အမှုဖွင့်လှစ်ထားရှိရာ ယနေ့နေ့လယ်ပိုင်းတွင် ၎င်းပုန်းရှောင်နေသည့် မြစ်သားမြို့နယ်၊ ဉယျာဉ်တော်ကျေးရွာအုပ်စု၊ သာယာအေးကျေးရွာ၊ ကျောင်းသစ်ကျောင်း ဘုန်းတော် ကြီးကျောင်းဝန်းအတွင်း၌ ဖမ်းဆီးရမိခဲ့ပြီး ဉပဒေနှင့်အညီ အရေးယူနိုင်ရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စု၊ မီးလောင်ချောင်းကျေးရွာရှိ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ငြိမ်းချမ်းဦး(ဘ)ဦးမြင့်ဝင်း သည် ၎င်း၏ Mg Nyein Chan Facebook Account ဖြင့် လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန်သောသတင်းများရေးသား၍ CDM လှုပ်ရှားမှုတွင်ပါဝင်လာအောင် လှုံ့ဆော်ခြင်း၊ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်ခြင်း၊ တပ်မတော် သားများအပေါ် ဒေသခံ ပြည်သူများအထင်အမြင်လွဲမှားအောင် မဟုတ်မမှန်ဝါဒဖြန့်၍ သွေးထိုးလှုံ့ဆော်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် အေပြီ ၁၂ ရက်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပုလောမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။