နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၁၅

ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှု ယန္တရားပုံမှန် လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ထိုသို့လုပ်ဆောင်နေမှုများကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ ကမ်းနားလမ်း၌ ဆီဆိုင်ဖွင့်လှစ်ရောင်းချနေထိုင်သူ ဝင်းလွင်ဦး(ဘ) ဦးမြင့်လွင်သည် ၎င်း၏ Win Lwin Oo Facebook Account ဖြင့် လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန်သော သတင်းများရေးသား၍ CDM လှုပ်ရှားမှုတွင် ပါဝင်လာအောင် လှုံ့ဆော်ခြင်း၊ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်ခြင်း၊ သံပုံးတီး၍ လှုံ့ဆော်ဆန္ဒပြခြင်းနှင့် CRPH အား ထောက်ခံကြောင်း ရေးသားခြင်းများ ဆောင်ရွက် ခဲ့သဖြင့် အေပြီ ၁၅ ရက်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မြိတ်မြို့မ ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။