နေပြည်တော်၊ ဧပြီ - ၁၅
ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀၀( ၁၅ မိုင်) အကွာရှိ တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော နန်ဗျူစခန်း အား ယနေ့နံနက်ပိုင်းတွင် KIA အဖွဲ့က အကြောင်းမဲ့လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်မှာ နယ်မြေဒေသလုံခြုံရေးအတွက် တပ်မတော်က လိုအပ်သည့် လုံခြုံရေးများ ဆောင်ရွက်ပေးလျက်ရှိသော နန်ဗျူစခန်း အား ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် KIA အဖွဲ့မှ အင်အား ၁၀၀ ဦးခန့်သည် စခန်း၏ အနောက်တောင်ဘက် မီတာ ၄၀၀ ခန့် အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ကြောင်း၊ ထိုသို့ ပစ်ခတ်လာခြင်းကြောင့် တပ်မတော်မှ လိုအပ်သည့် လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူ၊ စစ်ကူများဖြင့် အချိန်မီပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း သိရှိရသည်။
KIA အဖွဲ့မှ အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း နယ်မြေဒေသလုံခြုံရေးကို ဆောင်ရွက် ပေးလျက်ရှိသော တပ်ဖွဲ့ဝင်များအပေါ် ယခုကဲ့သို့ နှောင့်ယှက်ပစ်ခတ်လာသဖြင့် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။