တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်၊ ဧပြီ - ၁၅

    
ကယားပြည်နယ်၊ ဘောလခဲမြို့၊ မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါမြို့နယ်များအတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ အေပြီ ၁၄ ရက်တွင် တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားသည်။
    
ယင်းသို့ ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည် သဘောပေါက်ကာ တူမီးသေနတ် ၅ လက်၊ လေသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၇ လက်နှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ၎င်းတို့ သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီးလာရောက် အပ်နှံခဲ့ကြ ကြောင်း သတင်းရရှိသည်။