နေပြည်တော်၊ ဧပြီ - ၁၆
ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ် ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ၊ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများ၊ ဆန္ဒပြဝါဒဖြန့်မှုများ၊ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေယာယီဈေးအရှေ့၌ CDM လှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂလှုပ်ရှားမှု၊ ဆန္ဒပြ ဝါဒဖြန့်မှုများနှင့် ဆူပူအကြမ်းဖက်မှုများတွင် အဓိက ပါဝင်ဆောင်ရွက်နေကြ သူများဖြစ်သည့် ခန့်သူအောင် (၂၀)နှစ်(ဘ)ဦးအေးချို၊ (ကျောင်းသားသမဂ္ဂဥက္ကဌ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)၊ ဖြိုးကျော့နိုင်(၂၁)နှစ် (ဘ)ဦးမျိုးသန့်၊ (ကျောင်းသား သမဂ္ဂအဖွဲ့ဝင်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)၊ မင်းဟိန်းခန့်(၂၃)နှစ် (ဘ) ဦးအောင်ညွန့်သန်း(ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း)နှင့် ယဉ်မြတ်နိုးဦး(၂၂)နှစ် (ဘ) ဦးဇော်ဦး (ကျောင်းသားသမဂ္ဂဘဏ္ဍာရေးမှူး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်) တို့ ၄ ဦးအား အေပြီ ၁၃ ရက်ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
ထို့ပြင် ၎င်းတို့၏ဆောင်ရွက်မှုများတွင် ပါဝင်ပတ်သက်သူ ၁ ဦးဖြစ်သည့် ဗဟန်းမြို့နယ်၊ ယုဇနတာဝါ၊ (၁၀)လွှာ၊ အခန်း(၁၀၀၈/ဘီ)နေ ဦးသိန်းတန် ၏ နေအိမ်အား အေပြီ ၁၅ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေစစ်ဆေးရာ ၎င်းအားတွေ့ရှခြင်းမရှိဘဲ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ၎င်းအား ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Recent News