မယ်စဲ့မြို့နယ်နှင့် သာစည်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဧပြီ - ၁၆

 

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်း ဧပြီ ၁၅ ရက်တွင် မိုးသည်းထန်စွာရွာ သွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မယ်စဲ့မြို့၊ သီရိမင်္ဂလာရတနာသုခဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံရှိ အမိုးများလန်ခြင်းနှင့် မျက်နှာကြက်များ ပြုတ်ကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေရာသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ အပျက်အစီးများဖယ်ရှားရှင်းလင်း ခြင်းနှင့် ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ဧပြီ ၁၅ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အလယ်ကန်ကျေးရွာရှိ နေအိမ် လုံး ပြိုကျပျက်စီးခဲ့သည်။

 

အဆိုပါ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေရာသို့ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။