မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများမှ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်မှုဖြစ်ပွား

နေပြည်တော်၊ ဧပြီ ၁၆

   

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားနှင့် ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရေးတို့အတွက် နောက်ကွယ်မှ ကြိုးကိုင် ခြယ်လှယ်နေသူများ၏ သွေးထိုးလှုံ့ဆော်မှုများဖြင့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက် ရှိရာတွင်  အများပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် အဖျက် အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

   

ထိုသို့လုပ်ဆောင်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံလမ်းရှိ ဌာနရပ်ကွက် စီမံအုပ်ချုပ်ရေး ရုံးနေရာ၌ ဧပြီ ၁၅ ရက် နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါနေရာ၌ PVC အပိုင်းအစ များနှင့်ဘောစေ့များတွေ့ရှိရပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် လူများထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း သိရှိရသည်။

 

အလားတူ ယနေ့နံနက် နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ပိန္နဲတော ရပ်ကွက်၊ ရေးလမ်းရှိ မြဝတီဘဏ်ရှေ့၌ လုံခြုံရေးဆောင်ရွက်နေစဉ် ဥတ္တံားကြီးမီးပွိုင့်ဘက်မှ မောင်းနှင်လာသည့် Wave-100 ဆိုင်ကယ်ပေါ်မှ အကြမ်းဖက်သူ အမျိုးသား ဦး(စိစစ်ဆဲ)က လက်လုပ်ဗုံး လုံးဖြင့် ပစ်ပေါက်၍ ရေးလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ရာ လက်လုပ်မိုင်း လုံးမှာ ဘဏ်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် လုံးမှာ ပေါက်ကွဲမှုမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များမှ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း လုံးအား အများပြည်သူအန္တရာယ်မဖြစ်စေရေး စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များမှ ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးသို့ ယနေ့နံနက် နာရီခွဲခန့်တွင် ဆူပူအကြမ်းဖက်သူတစ်ဦးက အသံဗုံး လုံးဖြင့် လာရောက် ပစ်ခတ်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရာဘာကျည်ဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီး ခဲ့ကြောင်း သိရှိရသည်။ အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် လူများထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းနှင့် ရာဘာကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက်သူအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိပြီး တရားဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

   

အလားတူ နံနက် နာရီ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၇၉)ရပ်ကွက်၊ ပဲခူးမြစ်လမ်း၊ မြနန္ဒာကားမှတ်တိုင်အနီး၌ လက်လုပ်မိုင်း()လုံးပေါက်ကွဲခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲခဲ့သည့်နေရာ၌ သံဘောစေ့ ၅၀ လုံးခန့် ဓာတ်ခဲ လုံး၊ ဓာတ်မြေသြဇာအနည်းငယ်၊ ဆားကစ်ပြား ခု၊ ကော်အပိုင်း အစတစ်ချို့အားစစ်ဆေးတွေ့ရှိရပြီး လူနှင့်အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

   

ထို့အတူ နေ့လည် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်၊ ခေါမကျေးရွာ၊ နတ်စင်အနီးရှိ ရေကန်ဟောင်းအတွင်း၌ လက်လုပ်ဗုံး လုံး ပေါက်ကွဲမှုဖြစ် ပွားခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အရှည် လက်မ၊ လုံးပတ် လက်မခန့်ရှိ PVC ရေပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်အသံဗုံး လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး လူ/ပစ္စည်းထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

   

အလားတူ နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်()ရပ်ကွက်၊ ဖိုးရာဇာလမ်းရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား ဆိုင်ကယ် စီး ဖြင့် အကြမ်းဖက်သူအမျိုးသား ဦး(စိစစ်ဆဲ)မှ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါ ရုံးရှေ့၌ ပေါက်ကွဲမှုမရှိသေးသည့် တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

   

အလားတူ နေ့လည် နာရီ မိနစ်အချိန်တွင် ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ သီပေါလားရှိုး ကားလမ်း၊ မိုင်တိုင်အမှတ်(၁၃၃/)ကြားရှိ ငြိမ်းချမ်းရေးစေတီ၏ တောင်တက်လမ်း ဖာလုံခန့် အကွာ လမ်းဝဲဘက် မြေကာနံရံ၌ ပလပ်စတစ်ထုပ် ထုပ်အား မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ပလပ်စတစ်ထုပ် ထုပ်အတွင်းမှ ဝိုင်ယာ ကြိုးများ တပ်ဆင်ထားသည့် လက်လုပ်ဗုံး လုံးအား စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ လက်လုပ်ဗုံး များအား  အများပြည်သူအန္တရာယ်မဖြစ်စေရေး ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   

အလားတူ မွန်းလွဲ နာရီအချိန်တွင် ထားဝယ်မြို့နယ်၊ ထားဝယ်သရက်ချောင်းကားလမ်း၊ ပေါက်ကိုင်းတံတားအနီး၌ ဆိုင်ကယ်တစ်စီးဖြင့် အကြမ်းဖက်သူ အမျိုးသား ဦး(စိစစ်ဆဲ)က လက်လုပ်ဗုံး လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွား၍ ပေါက်ကွဲခဲ့ရာ အဆိုပါ တံတားအနီးလမ်းဘေးရှိ ကျောက်မော် ကျေးရွာမှ ကျောက်ရပ်ကျေးရွာသို့ သွယ်တန်းထားသော ပုဂ္ဂလိက ရေပေးဝေရေး ရေပိုက်လိုင်း၏ လက်မရေပိုက်တွင် အလျား လက်မခန့် ပေါက်ထွက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။   

   

လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး အလားတူ ဖြစ်စဉ်များ ထပ်မံဖြစ်ပွားမှုမရှိစေရေး လုံခြုံရေးအင်အား တိုးမြှင့်ချထား၍ နေ့/ညလှည့်ကင်းများ အား မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။