ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ် ပစ္စည်းများနှင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၁၆

 

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ ၁၃ ရက် နှင့် ၁၅ ရက်တို့တွင် ပဲခူးမြို့၊ ဥဿာမြို့သစ်()ရပ်ကွက်၊ နယ်မြေ() ရေစက်ပတ်လမ်းနှင့် ()လမ်းထိပ်ရှိ ထွန်းညွန့်ဦး၏ နေအိမ်၌ သန်းထိုက်စိုး()ကိုထိုက်()ဦးမြင့်ရှိန်၊ ဇင်ကိုဟိန်း()ဦးမောင်စန်း၊ သန့်ဇင်မျိုး()ဦးသန်းမြင့်၊ မဇွန်ပွင့်ဖြူ()ဦးမင်းဇော်နှင့် မစုမြတ်မွန်()ဦးမြင့်စိုးတို့ ဦးအားလက်လုပ်မိုင်းများ၊ ဓါးများ၊ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၇၇ ပြား၊ ဘိန်းဖြူ ဒသမ ၄၅ ကီလိုဂရမ်၊ ICE ဒသမ ၆၂ ကီလိုဂရမ်၊ အကြမ်းဖက်မှုတွင် အသုံးပြုသည့်အခြားဆက်စပ် ပစ္စည်းများနှင့်လည်းကောင်း၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ပိုင်းရပ်ကွက်၊ သပြေလမ်း၊ အမှတ်(၂၁) ()လွှာနှင့် ()လွှာတို့၌ အောင်ဇော်()အောင်ဇော်မင်း၊ အောင်ကျော်မိုး() ဦးတင်ကြည်၊ ရောဘီအောင်ကျော်မိုး()ဦးအဲလ်ဒီနှင့် သားဖြစ်သူရဲသူရှိန်()ဖိုးစီ၊ အောင်မြင့်သူ()ဦးမြင့်ထူးနှင့် သပြေလမ်း၊ အိမ်အမှတ်(၄၇) ဇင်ဘိုဘိုထွန်း() ဘိုကြီး တို့အား လက်လုပ်သေနတ် လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်()ရပ်ကွက်၊ အင်းစိန်လမ်း၊ ကုလားကျောင်းမှတ်တိုင်အနီး၌ အေးမင်း()ဦးဘစိုးနှင့် မျိုးကျော်()ဦးသန်းဝင်းတို့ ဦးအားလက်လုပ်ဗုံး လုံးနှင့်လည်းကောင်း၊ ပြည်မြို့၊ ခေတ္တရာမြို့သစ်၊ /၁လမ်းရှိ ကိုမျိုးနှင့် ရန်နိုင်လင်းတို့ ဦးငှားရမ်းနေထိုင်သည့် နေအိမ်၌ လက်လုပ်မိုင်း ၄၁ လုံး၊ ရီမုမိုင်း ၃၁ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ အားလည်းကောင်း၊ ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

 

အလားတူ ယနေ့တွင် ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာရှိ ကျော်စိုး() ဦးမောင်မောင်၏ကွမ်းခြံ၌ ၎င်းအား ဂျင်ကလိ ၅၅ ချောင်း၊ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ ဖလမ်းမြို့၊ ကျင်မွှာရပ်ကွက်ရှိ ကျုံးလျန်မန်း ()ဦးဟွေလိန်းအား ၎င်း၏နေအိမ်၌ ဆူပူအကြမ်းဖက်မှုတွင် အသုံး ပြုသည့်ပစ္စည်း များနှင့်လည်းကောင်း၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ မြတ်မင်္ဂလာ ရပ်ကွက်နေ ဂန်းဗဟာဒူး()ဦးရာဂျမ်အား ၎င်း၏နေအိမ်၌ လက်လုပ်သေနတ် လက်နှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်း ရမိခဲ့သည်။

 

အထက်ပါ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်များ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဥပဒေအရထိရောက်စွာ အရေး ယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ် မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။