တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ အပန်းဖြေစခန်းများ၌ ပြည်သူများ အပန်းဖြေ အနားယူလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၁၆

   

နှစ်သစ်ကူးသင်္ကြန်ကာလတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ အပန်း ဖြေစခန်းများ၌ ပြည်သူများအနေဖြင့် အေးချမ်းသာယာစွာ အပန်းဖြေအနားယူ လျက်ရှိသည်။ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်ရှိ လှေခွင်းတောင်အပန်းဖြေစခန်း၊ ပျဉ်းမနားမြို့နယ်ရှိ အဝေရာဆည်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ စက်စဲအပန်းဖြေကမ်းခြေ၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီကမ်းခြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေ အပါအဝင် အခြားအပန်းဖြေနေရာများ တို့တွင် ပြည်သူများက အေးချမ်းသာယာစွာ အပန်းဖြေအနားယူလျက်ရှိပြီး စားသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်များ ကလည်း COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပေးကာ လာရောက်အပန်းဖြေ အနားယူနေသော ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။