တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ မြို့နယ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်အား ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၁၆

   

မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်သည့် နှစ်သစ်ကူးမဟာသင်္ကြန် ပွဲတော်ကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ တွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက် မြန်မာသက္ကရာဇ် ၁၃၈၂ ခု၊ နှောင်းတန်ခူးလဆန်း ရက်နေ့တွင် ကျရောက်သည့် မဟာသင်္ကြန်အတက် နေ့တွင်လည်း ပြည်သူများက ပျော်ရွှင်စည်ကားသိုက်မြိုက်စွာဖြင့် အတာသင်္ကြန်ပွဲတော် ကို ဆင်နွှဲခဲ့ကြသည်။

   

ထိုသို့ ဆင်နွှဲလျက်ရှိရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ မှ ယိမ်းအဖွဲ့များက စုပေါင်းညီညာစွာ ကပြဖျော်ဖြေခြင်း၊ ပျော်ရွှင်စွာ ရေကစားလျက် ရှိကြသည့် ဒေသခံပြည်သူများအား စတုဒိသာများ ကျွေးမွေးခြင်း၊ ပျော်ရွှင်စွာ ရေပက် ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲခဲ့ကြ ကြောင်း သတင်းရရှိသည်။