ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာလာရောက်ဝတ်ပြုကြည်ညိုလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၁၆

   

COVID-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလများအတွင် ဗုဒ္ဓဘာသာ ဘုရားစေတီများအပါအဝင် အခြားဘာသာများအလိုက် ဘာသာရေးကျောင်းများအား ခေတ္တပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ပြန်လည်ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့သဖြင့် ဗုဒ္ဓဘာသာ ဘုရား၊ စေတီ၊ ကျောင်းကန်များတွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလအတွင်း ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် မိဘပြည်သူများက ဖူးမြော် ကြည်ညိုကုသိုလ်ယူလျက်ရှိကြသည်။ အလားတူ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များ၏ ဘာသာအလိုက် ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများ တွင်လည်း သက်ဆိုင်ရာဘာသာဝင်များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။