တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်၊ ဧပြီ - ၁၈

    ကယားပြည်နယ်၊ ဘောလခဲမြို့နှင့်   မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ် သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ အေပြီ ၁၇ ရက်တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက် ကိုင်ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြား သည်။

    ယင်းသို့ ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည် သဘောပေါက်ကာ တူမီးသေနတ် ၁ လက်နှင့် လက်လုပ်သေနတ် ၅ လက်တို့ကို ၎င်းတို့ သဘောဆန္ဒအလျောက် လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လာရောက် အပ်နှံခဲ့ကြကြောင်း သတင်းရရှိသည်။