နေပြည်တော်၊ ဧပြီ ၁၉
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လေသေနတ်၊ တူမီးသေနတ်၊ လက်လုပ်သေနတ် များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ထို့သို့အပ်နှံရာတွင် ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင် မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ အုပ်ချုပ်ရေးမှူးများက ကျေးရွာလုံခြုံရေးအတွက် ကိုင်ဆောင်ခဲ့ သည့် တူမီးသေနတ် ၁၀၃ လက်နှင့် လေသေနတ် ၁ လက်အားလည်းကောင်း၊ နံနက် ၁၁ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စုမှ လက်လုပ်သေနတ် ၃ လက်အားလည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်မှ ဒူးလေး ၁ လက်နှင့် မြှားတံ ၁ ချောင်းတို့ အားလည်းကောင်း၊ အလားတူ ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ (၂)ရပ်ကွက်မှ တူမီးသေနတ် ၆ လက်အားလည်းကောင်း အုပ်ချုပ်ရေး ပိုင်းတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါ လေသေနတ်၊ တူမီးသေနတ်နှင့် လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရရှိခဲ့ကာ စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိပါသည်။