မာရဝိဇယ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular  Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော် ကောင်စီနယ်မြေသို့ သတ္တမအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနား ကျင်းပ

မာရဝိဇယ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular  Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော် ကောင်စီနယ်မြေသို့ သတ္တမအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ  ၁၉

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် မာရဝိဇယ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏  ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်း များကို Modular  Trailer  ဖြင့်   ဆီမီးခုံဆိပ်ကမ်းမှ တည်ထား ကိုးကွယ်မည့် နေပြည်တော် ကောင်စီနယ်မြေသို့ သတ္တမအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊  မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မစိုးရိမ်ကျောင်းတိုက် ပါဠိ-နယူပဒေသ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အမှူးပြုသော သံဃာတော်များကြွရောက် တော်မူကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်း၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပါဠိ-နယူပဒေသာကျောင်း ဆရာတော် အမှူးပြုသော သံဃာတော်များ ရွတ်ပွားသရဇ္ဈယ် တော်မူကြသည့် ပရိတ်တရားတော်များကို တက်ရောက် လာကြသူများက နာယူကြည်ညိုကြသည်။

ဆက်လက်၍ ပထမဦးဆုံး ထွက်ခွာမည့် မာရဝိဇယထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများအား ဆရာ တော်ကြီးများ၊    ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော် ကြသည်။

ထို့နောက်    မာရဝိဇယထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများအား ပင့်ဆောင်ရန်အတွက် အစီအစဉ် အတိုင်း ဆက်လက် ဆောင်ရွက်ကြပြီး မာရဝိဇယ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်လောင်းလျာ ပင်မကျောက်တော်ကြီးမှ တန်ချိန် (၅၇ဝ)တန်ရှိ ရုပ်ပွားတော်အပိုင်း(၂)၊ တန်ချိန် (၆၃၃)တန်ရှိ ရုပ်ပွားတော် အပိုင်း(၃)တို့ကို တင်ဆောင်ထားသည့် Modular Trailerများသည် မင်္ဂလာအချိန်တွင် စတင်ပင့်ဆောင် ထွက်ခွာတော်မူကြရာ မန္တလေးတိုင်း ဒေသကြီး၊ သံဃနာယက အဖွဲ့ဥက္ကဋ္ဌ မစိုးရိမ်ကျောင်းတိုက် ပါဠိ-နယူပဒေသကျောင်း ဆရာတော်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ တိုင်းမှူးနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်း တို့က လက်ဆယ်ဖြာ ဦးထိပ်ထား၍ ကြည်ညိုကြသည်။

ယင်းနောက်   ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို    အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။