ချမ်းမြသာစည်မြို့နယ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ကို သတ်ဖြတ်ခဲ့သူများအား ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၅ လမ်းနှင့်  မနော်ဟရီလမ်း ထောင့်၌ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရဲကင်းတွင်   တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား CDM လှုပ်ရှားမှုကိုအခြေခံပြီး ဆူပူအကြမ်းဖက်မှုအား ဦးတည်ဆောင်ရွက်နေသော မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စုတစ်စုက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သတင်းများအား ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါ  လုံခြုံရေးတပ်ဖွဲ့ဝင်  ၁  ဦးရက်စက်စွာသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မြေပြင်သတင်းဖော်ထုတ်ခြေရာခံကာ တရားခံများအား အချိန်တိုတွင်း ဖမ်းဆီးရမိ ရေးဆောင်ရွက်ခဲ့ရာ  ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်  ချမ်းမြသာစည်မြို့နယ်၊  တွန်ထုံး ရပ်ကွက်နေ ကျော်ဇင်ဟိန်း(၁၉)နှစ်အား ဧပြီ ၉ ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ ၆၄ လမ်း၊  ၁၁၀ နှင့် ၁၁၁  လမ်းကြား၌ ကနဦး ဖမ်းဆီးရမိခဲ့သည်။

သတင်းဆက်အား ဆက်လက်ဖော်ထုတ်ချက်အရ ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ ဖြစ်ကြသည့် ၇၁ နှင့် ၇၂ လမ်းကြား၊ စိန်ပန်းလမ်းနှင့်   မနော်ဟရီလမ်းကြား၊   စစ်သူကြီးလမ်းသွယ်၊ အကွက်(က-၂)၊  မြို့သစ်(၅)ရပ်ကွက်၊    ချမ်းမြသာစည် မြို့နယ်နေ အောင်ဇင်ဦး(ခ)တရုတ်ကလေး(ခ) ရန်ယုတ်ချောင်(၁၈)နှစ်အား ဧပြီ ၁၁ ရက်တွင်လည်း

ကောင်း၊ ယ-၁/၁၄၇ ၆၄(ဃ) (သောကလမ်း)၊ စိန်ပန်းနှင့် ဇီဇဝါလမ်းကြား၊ မြို့သစ်(၄)ရပ်ကွက်၊    ချမ်းမြသာစည် မြို့နယ်နေ ဇော်မင်းနိုင်(၂၆)နှစ်အား ဧပြီ ၁၈ ရက်တွင် လည်းကောင်း ဆက်စပ်တရားခံ ၁၈ ဦးနှင့်အတူ အသီးသီး ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ  ယင်းနေ့တွင်  ပြည်ကြီးတံခွန်ရဲစခန်းမှ   ရဲတပ်ဖွဲ့ဝင်တစ်ဦးအား  ဆူပူအကြမ်းဖက်လိုသူလူအုပ်စုက    ရဲဒလန် သတင်းပေးဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်လာစဉ် ၆၄ လမ်းနှင့် မနော်ဟရီ လမ်းထောင့်အရောက်၌    မူးယစ်ဆေးဝါးသုံးစွဲကာ အသိလွတ်၍အော်ဟစ်နေသော အမည်းရောင်ဝတ်စုံများ ဝတ်ဆင် ထားသည့် အကြမ်းဖက် လိုသူလူအုပ်စုများက ရဲတပ်ဖွဲ့ဝင်အား ဝိုင်းဝန်းရိုက်နှက်၍   ကွန်ကရစ်လမ်းပေါ်တွင် မှောက်လျက် အနေအထားဖြင့် တရွတ်တိုက်ဆွဲပြီး မီးရှို့ထားသောတာယာကွင်းများကြား ခြေထောက်ကိုင်ဆွဲကာ မီးလောင်စေခြင်းများ ပြုမူဆောင်ရွက်ခဲ့သည်။

ထို့ပြင်   ဆူပူအကြမ်းဖက်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဇော်မင်းနိုင်သည် ၎င်းတွင် ပါရှိသည့်ဓားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်၏ နောက်ကျောအား  ထိုးသွင်း သတ်ဖြတ်ခြင်း၊ အောင်ဇင်ဦး(ခ) တရုတ်ကလေး (ခ)ရန်ယုတ်ချောင်သည်  အသင့်ယူဆောင်လာသည့် ပုဆိန်ဖြင့် လမ်းမပေါ်တွင် လဲကျနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်၏ လည်ပင်းအား  ၄  ချက်တိတိ ရက်ရက်စက်စက် ခုတ်သတ်ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြသည့်  ၎င်းတို့၏ စကားသံများအား  ယခုကဲ့သို့ကြားသိရပါသည်-

“ကျွန်တော့်နာမည် အောင်ဇင်ဦးဖြစ်ပါတယ်။ ကျွန်တော်က ချမ်းမြသာစည်မြို့နယ် အမှတ်(၅) ရပ်ကွက်မှာ နေထိုင်ပါတယ်။ ကျွန်တော့်အလုပ်အကိုင်က ရေပိုက်လုပ်ပါတယ်။ ၃-၄-၂၀၂၁ ရက် ၁၀ နာရီခွဲခန့်မှာ ကျွန်တော့်သူငယ်ချင်း တစ်ဦးက ဖုန်းဆက်ကာ ၃၄ လမ်း မနော်အတွင်းမှာ  တာယာတွေမီးရှို့နေပြီ၊ ဆန္ဒပြနေပြီ၊ လူစုနေပြီဆိုပြီး လှမ်းပြောပါတယ်။ ကျွန်တော်တို့ သူငယ်ချင်း ခြောက်ယောက် မနော် ၆၄ လမ်းအရောက် မှာ အင်္ကျီအနက်ရောင် ဝတ်ဆင်ထားတဲ့ လူတွေက  လက်လုပ်သေနတ်၊ ဓား၊ ခွ၊ Smoke ဗုံးများ ကိုင်ဆောင်ထားတာကို တွေ့ရှိပါတယ်။ ၂ နာရီကျော်လောက်မှာ အမည်မသိလူတစ်ဦးကို လက်ထိတ်နောက်ပြန်ခတ်ထားပြီး ခြေထောက်ကို  တရွတ်တိုက်ဆွဲပြီး ၆၄ လမ်းမှ ၆၅ လမ်း မနော်အတွင်းကို ခေါ်သွားတာကို  ကျွန်တော်တို့ တွေ့ပါတယ်။ အင်္ကျီအနက်ရောင် ဝတ်ဆင်ထားတဲ့ လူတစ်ဦးက  လူစုခွဲတော့လို့ ပြောခါမှ ၆၄ လမ်းအနီးအနားက လမ်း ကြားအနောက်ကို ဆင်းသွားပါတယ်။ ၆၅ လမ်းရောက်တော့  မနော်အပေါ်ကို ပြန် တက်ကြည့်ကာ အမည်မသိ လူတစ်ဦးကို လက်ထိပ်ကို နောက်ပြန်ခတ်ထားတဲ့လူက လူးလိမ့်နေတာကို ကျွန်တော်တို့ တွေ့ပါတယ်။ ဘေးမှာပြောနေတဲ့ လူတွေက လုပ်မယ့်လုပ် အသေလုပ်၊ အပြတ်လုပ်လို့ပြော တော့ ကျွန်တော့်လက်ထဲမှာ အသင့်ကိုင် ထားတဲ့ ပုဆိန်နဲ့ လည်ပင်းကို လေးချက်ခုတ်ကာ အနောက်ရပ်ကွက်ထဲကို ဆင်းပြေးခဲ့ပါတယ်။ ဖြစ်စဉ်တုန်းက ကျွန်တော်ကိုင်ခဲ့တဲ့ လက်နက်၊ ပုဆိန်နဲ့ လောက်လေးခွတွေကို  ကျွန်တော့်အိမ်တွင်းက ဗီရိုထဲမှာ သိမ်းထားပါတယ်။ ကျွန်တော်ဝတ်ခဲ့တဲ့ အင်္ကျီအနက် ရောင်၊ ကျည်ကာအင်္ကျီတွေကို ကျွန်တော် တို့ အိမ်အနောက်က အိမ်သာခေါင်မိုးပေါ် မှာ ဖွက်ပြီးသိမ်းထားပါတယ်”ဟု  ပြောသည်။

“ကျွန်တော့်နာမည်  ဇော်မင်းနိုင်ဖြစ်ပါ တယ်။ ချမ်းမြသာစည်မြို့နယ် အမှတ်(၄) ရပ်ကွက်မှာ နေထိုင်ပါတယ်။ ၃-၄-၂၀၂၁ ရက်တွင် ၆၄ လမ်းနှင့် မနော်ဟရီလမ်းမှာ ဝတ်ရုံအနက်ဝတ်ဆင်ထားတဲ့ GZ အဖွဲ့က တာယာကွင်းများ မီးရှို့တဲ့ဖြစ်စဉ်၊ လက်လုပ် ဗုံးများ၊  SMOKE  ဗုံးများကြဲတဲ့ဖြစ်စဉ်တွေ မှာ ကျွန်တော်ကိုယ်တိုင်သွားရောက်ကြည့်ရှု ပါဝင်ခဲ့ပါတယ်။   ၃ - ၄ - ၂၀၂၁ ရက်နေ့တွင် ဒလန်ဆိုတဲ့သူကို ဝတ်ရုံအနက်ဝတ်ဆင် ထားတဲ့ GZ အဖွဲ့က  ဝိုင်းဝန်းရိုက်နှက်နေတာကို သိရပါတယ်။  ကျွန်တော်လည်း မွန်းလွဲ ၂ နာရီကျော်လောက်မှာ သွားရောက် ကြည့်ရှုတော့  ဝတ်ရုံအနက်ဝတ်ဆင်ထား တဲ့ GZ အဖွဲ့က ဝိုင်းဝန်းရိုက်နှက်ထားတာ ကို တွေ့ရပါတယ်။ ဒလန်ဆိုသူအား ကိုယ် တုံးလုံးဖြင့် လက်နောက်ပြန်လက် ထိတ်ခတ်၍ ၆၄ လမ်း မနော်မှာ ၆၅ မနော်လမ်း အကျော်ထိ တရွတ်တိုက်ဆွဲခေါ်သွားတယ်။ ကျွန်တော်လည်း ဆိုင်ကယ်နဲ့ နောက်ကနေ  တစ်ပါတည်းလိုက်သွားခဲ့ပါတယ်။ ဆိုင်ကယ် ကို     ကျွန်တော့်အမေ ဖုန်းဆိုင်ရှေ့မှာရပ်ပြီး လက်ထဲမှာအသင့်ကိုင်ထားတဲ့ဓားနဲ့ ရဲဒလန်ဆိုသူရဲ့  နောက်ကျောကိုထိုးခဲ့ပါ တယ်။ ၁၈ ရက်နေ့ သမန်းကုန်းရပ်ကွက် အဘိုးနေအိမ်မှာ တိမ်းရှောင်နေတဲ့အချိန် ည ၁၀ နာရီကျော်ခန့်တွင် ရဲတွေလာရောက် ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်}}ဟု ပြောသည်။

“ကျွန်တော့်နာမည် ကျော်ဇင်ဟိန်း(ခ) ဂျေမီဖြစ်ပါတယ်။  ချမ်းမြသာစည်မြို့နယ် တွန်ထုံးရပ်ကွက်မှာနေထိုင်ပါတယ်။ ကျွန်တော်ဟာ GZ အဖွဲ့ဝင် လုပ်ခဲ့ပြီးတော့ ၃-၄-၂၀၂၁ ရက်တွင်    ကျွန်တော်နဲ့ တစ်ရပ်ကွက်တည်းနေသူ သူငယ်ချင်းက ၆၄ လမ်းနှင့် မနော်ဟရီလမ်းဘက်တွင် တာယာကွင်းများ ဆန္ဒပြနေတဲ့ ၆၄၊ မနော်ဘက်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ၆၄၊ မနော်ဘက်ကို ရောက်ရှိစဉ် ၁၀ နာရီကျော်ခန့် တွင် ယခင်က တစ်ရပ်ကွက်တည်းနေခဲ့သူ တင်အောင်ဌေးကိုတွေ့ဆုံခဲ့ပြီး နှုတ်ဆက်ခဲ့ပါတယ်။ နှုတ်ဆက်ပြီးချိန်တွင်  GZ ဝတ်စုံ အနက်ရောင်များ ဝတ်ဆင်ပြီး လက်ထဲတွင် ဗြောက်အိုးများ၊ ဓားများ၊ တုတ်များ၊ လက်လုပ်မိုင်းများ၊ smoke ဗုံးများကို ကိုင်ဆောင်ထားတဲ့ လူအယောက် ၈၀ ခန့်ကို တွေ့မြင်ခဲ့ပါတယ်။ သူတို့က ဗြောက်တွေ၊  လက်လုပ်မိုင်းတွေ၊ Smoke ဗုံးတွေကို စမ်းသပ်ဖောက်ခွဲနေတာကို တွေ့မြင်ခဲ့ပါတယ်။ ၁၁ နာရီလောက်မှာ အိမ်ပြန်ထမင်း စားပြီး ၁ နာရီကျော်မှာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက ၆၄ ၊ မနော်ဘက် ကို ပြန်လည်ထွက်ခွာလာခဲ့ပြီး ရောက်တော့ ထိုင်နေခဲ့ပါတယ်။ ၁ နာရီခွဲအချိန်ခန့်တွင် ဒလန်ဆိုတဲ့ အမည်မသိသူတစ်ဦးကို လူ ၂၀ ခန့်က  ဝိုင်းပြီးရိုက်နှက်ထိုးကြိတ်နေတာကို တွေ့ရပါတယ်။ အဲ့လူ ၂၀ ထဲက လှမ်းပြီး အော်ပါတယ်။ အားလုံးပဲ လူစုခွဲတော့..လူစုခွဲတော့လို့ပြောလို့    ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက လူစုခွဲပြီး ၆၅၊ မနော်ဘက်ကို ထွက်ခွာခဲ့ပါတယ်။ ၆၅၊ မနော်မြောက်ဘက်သို့ ရောက်ရှိစဉ် ဒလန် ဆိုသော အမည်မသိသူတစ်ဦးက လဲလျောင်း နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ယခင်က တစ်ရပ်ကွက်တည်းနေခဲ့သူ တရုတ်လေးတို့အဖွဲ့ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။  တရုတ်လေးက သူ့လက်ထဲ အသင့်ပါလာတဲ့ ပုဆိန်နဲ့ အမည်မသိ ဒလန် ဆိုသူရဲ့ပခုံးကိုလေးချက်ခုတ်နေခဲ့ပါတယ်။ ခုတ်ပြီးတဲ့အချိန်မှာ  တရုတ်လေးတို့အဖွဲ့ကလည်း ၆၅ ၊ မနော်တောင်ဘက်ကို ပြေး သွားခဲ့ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းကလည်း ကြောက်လို့အိမ်ပြန် လာခဲ့ပါတယ်”ဟု ပြောသည်။

အထက်ပါ ဖြစ်စဉ်တွင်   မင်းမဲ့စရိုက်ဆန်စွာ သတ်ဖြတ်ခဲ့သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး  ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။