နေပြည်တော် သြဂုတ် ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် သြဂုတ် ၂၃ ရက် ညနေ ၄ နာရီခန့်တွင် ဝေါမြို့နယ်ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ ဦးဇော်မျိုးမင်း(ဘ)ဦးအေးမြင့် မောင်းနှင်ပြီး ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးမင်းမင်းလတ်(ဘ) ဦးမြင့်လွင် လိုက်ပါလာသည့် Mark-II အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN-AA/---- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသားလေးဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မော်တော်ယာဉ်နှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး ကျိုက်ထိုမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။