နေပြည်တော်၊ ဧပြီ - ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဧပြီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ညောင်ဝိကျွန်း၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာသို့အရောက်၌ တရားမဝင်ရှပ်/ခရုခိုးဆွဲနေသည့် အလျား ၄၃ ဒသမ ၅ ပေ၊ အနံ ၇ ပေ ၁၀ လက်မ၊ ရေစူး ၂ ပေ ၁၀ လက်မခန့်ရှိ ရှပ်/ခရုဆွဲလှေပေါ်မှ အီစွတ်(ဘ)ဂျိုမာအန်းနှင့် အာနန်း(ဘ)ဦးရှာမီးတို့အား လည်းကောင်း၊ အလျား ၄၄ ပေ၊ အနံ ၇ ပေ ၁၁ လက်မ၊ ရေစူး ၃ ပေ ၅ လက်မခန့်ရှိ တရားမဝင်ရှပ်/ခရုဆွဲလှေပေါ်မှ တင်ခိုင်(ဘ)ဦးတင်မောင် နှင့် တင့်နိုင်(ဘ)ဦးကိုဦးတို့အားလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများနှင့် လှေများအား ကော့သောင်းမြို့နယ်၊ ငါးလုပ်ငန်း ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမြည်ဖြစ်ကြောင်း သတင်းရရှိသည်။