တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်၊ ဧပြီ - ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်နှင့် ကော့သောင်းမြို့နယ်၊ မကွေးတိုင်း ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ် သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ ယနေ့တွင် ရက်တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင် များက ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရ နိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားသည်။

ယင်းသို့ ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည် သဘောပေါက်ကာ တူမီးသေနတ် ၁၈ လက်နှင့် လက်လုပ်သေနတ် ၂၀ လက်တို့ကို ၎င်းတို့ သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက် အပ်နှံခဲ့ကြ ကြောင်း သတင်းရရှိသည်။