နမ့်စန်မြို့နယ်၊ ဝမ်ပန်ကျေးရွာရှိ ဓမ္မသုခကျောင်းတိုက်၌ ဆောက်လုပ် လှူဒါန်းမည့် သာသနဝေပုလ္လခဏ္ဍ သိမ်တော် ပန္နက်တော်တင်ခြင်းနှင့် သိမ်သမုတ်ခြင်း မင်္ဂလာပြုလုပ်

 နေပြည်တော်၊ ဧပြီ - ၂၁

  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ ဝမ်ပန်ကျေးရွာရှိ ဓမ္မသုခကျောင်း တိုက်၌ ဆောက်လုပ်လှူဒါန်းမည့် သာသနဝေပုလ္လခဏ္ဍသိမ်တော် ပန္နက်တော် တင်ခြင်းနှင့် သိမ်သမုတ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ ပြုလုပ်ရာ နမ့်စန်မြို့၊ မြို့နယ်သံဃနာယကဉက္ကဌ သုခိတာရုံ ကျောင်း တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအာလောကနှင့် ဝမ်ပန်ကျေးရွာ၊ ဓမ္မသုခ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောလိန္ဒတို့ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား အလှူရှင်များ တက်ရောက်ကြသည်။

 ဦးစွာ ကြွရောက်လာသည့် သံဃာတော်များက သိမ်သမုတ်မည့် ဧရိယာအား မြေသန့်မင်္ဂလာပြုခြင်းနှင့် သိမ်သမုတ်ခြင်းတို့ကို ပြုလုပ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သိမ်အဆောက်အဦ ဆောက်လုပ်မည့် နေရာအား နေ့နံအလိုက်ပန္နက်တော် တင်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပူဇော်ကြ သည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူပြီး နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။