လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့အတွင်းရှိ ကျေးရွာ^ရပ်ကွက်အချို့တို့မှ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်

နေပြည်တော်  ဧပြီ  ၂၁

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။

ယနေ့တွင်   ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ   ညောင်ကျေးရွာနှင့် အလယ်ရွာကျေးရွာ၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ  အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁၉) ရပ်ကွက်များရှိ အိမ်ထောင်စု စုစုပေါင်း ၁၀၅၁၅ စုတို့အတွက် ဆန်၊ ဆီ၊ ပဲ များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တပ်နယ် အသီးသီးမှ  နယ်မြေခံ တပ်မတော်သားများက  ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့   ပေးအပ် ခဲ့ကြသည်။

အလားတူ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကြူဝန်းကျေးရွာနှင့်   ရေမကျေးရွာများ အတွင်းရှိ အိမ်ထောင်စု စုစုပေါင်း ၃၅၀ စုတို့အတွက် ဆန်များကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ  နယ်မြေခံတပ်မတော်သားများက   ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။