အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံကာကွယ်ပွဲပါဝင်မည့် ONE TNT III ပြိုင်ပွဲအတွက် တွဲဆိုင်းများ ထုတ်ပြန်

MMA  ကမ္ဘာ့လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံအောင်လအန်ဆန်၏  ချန်ပီယံကာကွယ်ပွဲပါဝင်မည့်  ONE  TNT III ပြိုင်ပွဲအတွက်   တွဲဆိုင်းများကို   Championship က ဧပြီ  ၂၀  ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ၎င်း၏ MMA ကမ္ဘာ့လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ် ပွဲအဖြစ် စိန်ခေါ်သူပြိုင်ဘက်ဟောင်း ရုရှား နိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။

အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ် ဒက်ရှ်တို့သည် ယခင်က နှစ်ကြိမ်ယှဉ်ပြိုင် ခဲ့ဖူးပြီး   တစ်ကြိမ်စီ အနိုင်ရရှိထားကာ      ယခုတစ်ကြိမ်ယှဉ်ပြိုင်မှုသည်   တတိယအကြိမ်မြောက်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း တွဲဆိုင်းခြောက်ဆိုင်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ် တို့တွဲဆိုင်းကို အဓိကတွဲဆိုင်းအဖြစ် ထည့် သွင်းကျင်းပမည်ဖြစ်သည်။ ထို့ပြင် ဒုတိယ ဦးစားပေး တွဲဆိုင်းအဖြစ်  UFC လိုက်ဝိတ်တန်းချန်ပီယံဟောင်း    အမေရိကန် နိုင်ငံသား  အယ်လ်ဗာရက်နှင့်   ယှဉ်ပြိုင် မည့်ပြိုင်ဘက်ကို  အတည်မပြုရသေးဘဲ မာရက်ဂါဖူရော့ သို့မဟုတ် အိုကေရေယွန်း တို့အနက်   တစ်ဦးနှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။

တခြားတွဲဆိုင်းများတွင် ဟဲဗီးဝိတ်တန်း ပွဲစဉ်အဖြစ် ဆီနီဂေါနိုင်ငံသား   ရီဂူနှင့် ဘယ်လာရုဇ်နိုင်ငံသား ဂရီချန်ကို၊ လိုက်ဝိတ် တန်းပွဲစဉ်အဖြစ် ချန်ပီယံဟောင်းနှစ်ဦးဖြစ် သည့်  ဖိလစ်ပိုင်နိုင်ငံသား  ဖလိုက်ယန်း နှင့်ရှင်ယာအိုကီ၊ စထရောဝိတ်တန်း အမျိုး သမီးတွဲဆိုင်းများအဖြစ် အမေရိကန်နိုင်ငံသူ  ဂျက်ကီဘန်တန်နှင့်  ဘယ်လာရုဇ်နိုင်ငံသူ ဗန်ဒါရီဗာ၊ အမျိုးသမီးကတ်ဝိတ်တန်း တွဲဆိုင်းအဖြစ် အမေရိကန်နိုင်ငံသူ နော့ကတ်နှင့် သြစတြေးလျနိုင်ငံသူ မာတင် တို့ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ONE TNT III ပြိုင်ပွဲကို ဧပြီ  ၂၈ ရက် ဒေသစံတော်ချိန်  ည  ၇ နာရီတွင်  စင်ကာပူနိုင်ငံ၌   ကျင်းပမည်ဖြစ်ကြောင်း  သိရသည်။              

STA