ဆူပူဆန္ဒပြသူများ ပြုလုပ်ထားသည့် အတားအဆီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းရှင်းလင်း

နေပြည်တော်၊ ဧပြီ - ၂၂

 

တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် ဆူပူဆန္ဒပြသူ များက ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရှားတောကျေးရွာအတွင်းရှိ လမ်းများပေါ်၌ သဲအိတ်များ၊ ကွန်ကရစ် တုံးများ၊ အတားအဆီးများ၊ သစ်ချောင်းများဖြင့် ပိတ်ဆို့ထားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များက လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အတားအဆီး များအား ရှင်းလင်း ခြင်းများ ဆောင်ရွက်ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများကလည်း ၎င်းတို့၏သဘော ဆန္ဒအလျောက်လာရောက်ပူးပေါင်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိသည်။