ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဧပြီ - ၂၄

    ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေး အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ် အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

    ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးပဋိပတ္တိသာသနာ့အေး ရိပ်သာကျောင်းတိုက်၊ လမင်းပရိယတ္တိစာသင် တိုက်နှင့် ကျောက်ကလပ်စေတီ ကျောင်းတိုက်များရှိ သံဃာတော်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။