ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့်တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဧပြီ - ၂၅

   

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ မတ္တရာ ပြည်သူ့ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ် ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှဆေးကုသရေးအဖွဲ့များ အား စေလွှတ်၍ရောဂါ ဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လည်း ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိ ရောဂါ၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက် ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

   

ထို့သို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသပေးထားမှု အခြေအနေ များ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဒေသခံ ပြည်သူများအနေဖြင့် အထူးပင်ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သတင်း ရရှိသည်။