သံတောင်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဧပြီ - ၂၅

   

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ သံတောင်(အထူး)အသွင် ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့် သံတောင်(မြောက်)အသွင်ပြောင်း ပြည်သူ့ စစ်(ဌာနေ)အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက သံတောင်မြို့၊ ပျားစခန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ သွားရောက်တွေ့ဆုံသည်။

   

တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။