အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏(၃၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၅

   

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏(၃၁)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

   

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက စစ်မှုထမ်းသင်္ဂဟတံဆိပ်ရရှိသူများ၊ စစ်မှုထမ်းကောင်းတံဆိပ်ရရှိသူများ၊ အိမ်ထောင်သည်လိုင်းစိုက်ပျိုးရေး၊ မွေးမြူရေး၊ သန့်ရှင်းရေးအကောင်းဆုံးဆုရရှိသူများ အား ဆုများအသီးသီးပေးအပ်ကြသည်။

   

ထို့ပြင် ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ တိုင်းနှစ် ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များအား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။