အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ဆဌမအကြိမ်မြောက် စုပေါင်း ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၅

   

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ဆဌမအကြိမ်မြောက် စုပေါင်း ရှင်ပြု၊ နားသအလှူတော်မင်္ဂလာကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ပုသိမ်မြို့၊ မဟာရန်ကင်းတောင်ကျောင်းတိုက်၊ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တသုမန အမှူပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

   

ဦးစွာ ရှင်သာမဏေလောင်းများအား သာသနာတော်လာထုံးတမ်းအစဉ်အလာ နှင့်အညီ ရှင်လောင်းလှည့်လည်ကြပြီး သမိုင်းဝင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီး အား ဖူးမြော်ကြသည်။ ထို့နောက် ဧရာဝတီခန်းမ၌ သံဃာတော်များ၊ တိုင်းမှူးနှင့် အလှူရှင်များက ရှင်သာမဏေလောင်း ၃၈ ပါးတို့ကို ဆံချမင်္ဂလာပြုလုပ်၍ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြင့်ပေးပြီး အမျိုးသမီးငယ် ၈ ဦးတို့ကို နားသမင်္ဂလာ ပြုလုပ်ပေးသည်။

   

၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဿုတ အမှူးပြု သောသံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကိုနာယူကြကာ လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။