ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်၍  မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုများ ကြည့်ရှု

ရန်ကုန်  ဧပြီ  ၂၅

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဗိုလ်မှူးကြီးဝင်းတင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊  လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အကောက်ခွန်ဦးစီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲအထိ ရွှေပြည်သာစက်မှုဇုန်(၃)ရှိ  ရွှေမဲဆိပ်ကမ်း တံတားသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဆိပ်ကမ်းတာဝန်ကျများက သက်ဆိုင်ရာဆိပ်ကမ်း အစည်းအဝေးခန်းမ၌ ဆိပ်ကမ်းပိုင်းဆိုင်ရာ အချက်အလက်များ၊ ဆန်တင်ပို့မှု အခြေ အနေများအား ရှင်းလင်းတင်ပြရာ  လိုအပ်သည်များ မှာကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ဆန်များ သင်္ဘောများပေါ်သို့ တင်ဆောင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။