ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(Assistance Association For Political Prisoners - AAPP) နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထဲရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(Assistance Association For Political Prisoners - AAPP) နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistance Association For Political Prisoners - AAPP) သည် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ များနှင့်ညီညွတ်ခြင်းမရှိ၍ မှတ်ပုံတင်ခွင့်မရသောအသင်းဖြစ်သဖြင့် ဥပဒေအရ တရားဝင်ရပ်တည် ဆောင်ရွက်ခွင့်မရှိသည့် အသင်းတစ်ခုဖြစ်ပါသည်။

ထိုသို့ရပ်တည်ဆောင်ရွက်ခွင့်မရှိသော်လည်း အဆိုပါအသင်းသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အမည်ဖြင့် Internet Website မှနေ၍ လက်ရှိဖြစ်ပေါ်နေသော ဆူပူဆန္ဒပြအကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ထိခိုက်သေဆုံးသူများစာရင်းကို နေ့စဉ်ထုတ်ပြန်နေ ကြောင်းတွေ့ရှိရပါသည်။

AAPP မှ ဖော်ပြနေသော ကိန်းဂဏန်းအချက်အလက်များသည် တိကျမှန်ကန်သည့် သတင်း အရင်းအမြစ်များမှ ရယူဖော်ပြထားခြင်းမဟုတ်ဘဲ Social Media များနှင့် ကောလာဟလ သတင်းများအပေါ် အခြေခံ၍ ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် အမှန်တကယ်ကိန်းဂဏန်းများထက် များစွာပိုမိုဖောင်းပွနေကြောင်း တွေ့ရှိရပါသည်။

ထို့အပြင် AAPP အသင်းသည် ဖြစ်စဉ်သတင်းအချက်အလက်များကို ဖော်ပြရာတွင်လည်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို တစ်ဖက်သတ်ဖော်ပြခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ အများပြည်သူများ စိုးရိမ်ကြောက်ရွံ့မှုဖြစ်စေရန် ဖော်ပြနေကြောင်း တွေ့ရှိရပါသည်။

AAPP အသင်းအနေဖြင့် ထိုသို့မမှန်ကန်သော ကိန်းဂဏန်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ အများပြည်သူများ စိုးရိမ်ကြောက်ရွံ့မှုဖြစ်စေရန် ထုတ်ပြန်နေခြင်းများသည် ဆူပူ အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်စေရန် လှုံ့ဆော်ရာရောက်သဖြင့် နိုင်ငံတော်တည်ငြိမ်ရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးတို့ကို ထိခိုက်စေကြောင်းတွေ့ရှိရသဖြင့် တရားမဝင်ရပ်တည် ဆောင်ရွက်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်