လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်များ အတွင်းရှိ ကျေးရွာ/ ရပ်ကွက် အချို့တို့မှ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဧပြီ - ၂၇

    COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်နေ့စဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

    ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁၁)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၅)ရပ်ကွက်နှင့် ရွှေပြည်သာမြို့နယ် အတွင်းရှိ ကျောင်း ကုန်းရပ်ကွက်၊ အမှတ်(၁၅)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်များရှိ အိမ်ထောင်စု စုစုပေါင်း ၂၂၃၅၀ စုတို့အတွက် ဆန်၊ ဆီ၊ ပဲများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

    အလားတူ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင်ရပ်ကွက်၊ ဒေါနခြံရပ်နှင့် ဧရာထွန်းဈေး အရှေ့ရပ်များအတွင်းရှိ အိမ်ထောင်စု စုစုပေါင်း ၃၀၀ စုတို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။