နေပြည်တော်၊ ဧပြီ - ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီခန့်တွင် ပန်းတောင်းကျွန်းအနောက် ဘက်ကမ်းခြေနေရာ၌ တရားမဝင် သစ်ခိုးခုတ်နေသည့် ကျွန်းစုမြို့နယ်၊ ဝဲကျွန်းကျေးရွာ နေ ဦးမြင့်မူ(ဘ)ဦးတင်ဖေ အား တရားမဝင် တောသစ်ခွဲသားဆိုဒ်စုံ ၁၃ တန်ခန့်၊ ချိန်းဇော ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ တရားမဝင်သစ်များနှင့် ဖမ်းဆီးရမိသူအား ကျွန်းစုမြို့နယ် သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံကြောင်း သတင်းရရှိသည်။