ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများအား တပ်မတော်ဆေးအဖွဲ့က COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်  ဧပြီ  ၃၀

ပြည်ပမှ  ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား   COVID-19 ရောဂါနှင့် ပတ်သက်၍    လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက် ရှိသဖြင့်     မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁၀)မြို့နယ် အဆောင်၌ Quarantine  ထားရှိခဲ့သည်။

ထိုသို့   Quarantine ထားရှိသည့် ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၆၀ ဦးကို ယနေ့နံနက်ပိုင်းတွင်   အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊     နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့်   သူနာပြုများက   မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍  နှာခေါင်းတို့ဖတ်၊  အာခေါင်တို့ဖတ်ရယူခြင်း၊  RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက် ဆောင်ရွက် ပေးခဲ့ကြောင်း   သတင်းရရှိသည်။