နေပြည်တော်၊ မေ ၁
ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အေးချမ်းစွာနေ ထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီး များပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ရာတွင် ဧပြီလ ၃၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ မေတ္တာလမ်းတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့မော်တော်ယာဉ်အား မေတ္တာလမ်းအတိုင်း မောင်းနှင် လာသော ယာဉ်အမှတ်(စိစစ်ဆဲ)Caldina အနက်ရောင်ယာဉ်ပေါ်မှ လက်ပစ်ဗုံးအမျိုးအစား (စိစစ်ဆဲ)ဖြင့် ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ပေါက်ကွဲခြင်းမရှိသဖြင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်ဖွဲ့ဝင်များက စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အလားတူ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅၆) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် မောရဝတီလမ်းထောင့်ရှိ ဒဂုံအရှေ့မြို့မရဲစခန်းအား ဆိုင်ကယ်စီးနင်းလာ သော အကြမ်းဖက်သူ အမျိုးသား ၂ ဦးမှ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ ရဲစခန်း၏ တောင်ဘက် ပေ ၂၀ ခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်တင်တင်ဝင်း(၄၉)နှစ် (ဘ)ဦးသောကြာအောင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူ နိုင်ရေး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထို့အတူ ညနေ ၄ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ သမိုင်းဘူတာ ခုံးကျော်တံတားအောက်ရှိ အမှတ်(၁)ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား လည်းကောင်း၊ ည ၇ နာရီခွဲအချိန်တွင် ခရမ်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ နမ့်ဆန်လမ်းရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အားလည်းကောင်း၊ နံနက် ၅ နာရီ ၂၅ မိနစ်အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်နေ ဦးမင်းထွဋ် (၄၁)နှစ် (ဘ)ဦးစိန်ထွဋ်၏ နေအိမ်နှင့်တွဲ၍ ဖွင့်ထားသော “ကောင်းထက်ကျော်” လက်ဖက်ရည်ဆိုင်အနီးအား လည်းကောင်း၊ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ ဇေယျာ(၈)လမ်း၌ ရပ်တန့်ထားသော ဦးသိန်းထွန်းဦး (၅၃)နှစ် (ဘ) ဦးသိန်းဝင်း ပိုင်ဆိုင်သော 9Q-xxxx Suzuki Ciaz မော်တော်ယာဉ်အား လည်းကောင်း၊ နံနက် ၈ နာရီ ၁ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘုရင့်နောင် လမ်းနှင့် လေးထောင့်ကန်လမ်းထောင့်ရှိ မီးပွိုင့် အချက်ပြမီး ထိန်းချုပ်ရေးအဆောက်အဦ၌ လည်းကောင်း၊ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊(ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာလမ်းရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းအားလည်းကောင်း ဆူပူအကြမ်း ဖက်သူများက လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခဲ့ရာ နေအိမ်၊ ရုံးအဆောက် အဦများ၊ မော်တော်ယာဉ်များ အနည်းငယ်ထိခိုက်ပျက်စီးခဲ့သည်။
ထို့အတူ ယနေ့မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စက်မှု(၁)လမ်း၊ လမ်းလယ်ကျွန်းပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းလယ်ကျွန်းပေါ်မှ ပေါက်ကွဲ ထားသည့် လက်လုပ်ဗုံးများမှ သံဘောစေ့များနှင့် မပေါက်ကွဲသေးသည့် ပလက်စတစ်ဘူးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၂ လုံးတို့အား တွေ့ရှိခဲ့ရ၍ သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီးရှိနေသူ အမျိုးသမီး ၁ ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့သည်။
ထို့အတူ ဧပြီ ၃၀ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်နေ ဦးသိန်းကျော်(၆၂)နှစ် (ဘ)ဦးဝင်းအောင် ၏ နေအိမ်အား လည်းကောင်း၊ ည ၆ နာရီ ၅၅ မိနစ်အချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးအား လည်းကောင်း၊ ယနေ့နံနက်၄ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊အမှတ်(၄)ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးမျိုးဝင်း၏ နေအိမ်အား လည်းကောင်း၊ နေ့လယ် ၁၁ နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄) ရပ်ကွက်၊ ၆၄ လမ်း၊ ၁၁၁ လမ်းနှင့် ၁၁၃ လမ်းကြားရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား လည်းကောင်း၊နေ့လယ် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအားလည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်တွင် ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံလမ်းပေါ်ရှိ Fever Clinic ရုံးအား လည်းကောင်း ဆူပူအကြမ်းဖက် သူများက လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခဲ့ရာ နေအိမ်၊ ရုံးအဆောက်အဦများ၊ မော်တော် ယာဉ်များ အနည်းငယ်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဧပြီ ၃၀ ရက် ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၂ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြားရှိ ဘုန်းချောင်းကွန်ကရစ်တံတားအနီး ခရီးဆောင်အိတ် ၁ လုံးနှင့် ဆာလာအိတ် ၁ လုံး အတွင်းမှ လက်လုပ်မိုင်း ၂ လုံးအား လည်းကောင်း၊ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့မှူး ဦးအောင်မျိုးအောင်၏ နေအိမ်အနောက်ဘက် ခြံစည်းရိုးအနီး၌ လက်လုပ်မိုင်း ၁ လုံးအား လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ (၃)လမ်းရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ လက်လုပ်မိုင်း ၂ လုံး အားလည်းကောင်း တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။
တရားမဝင်အဖွဲ့အစည်းအဖြစ်ကြေညာထားသော NUG အဖွဲ့အနေဖြင့် နိုင်ငံတစ်ဝန်းဆူပူ အကြမ်းဖက်မှုများလုပ်ဆောင်ရန် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ တိုက်တွန်းခြင်းများ ဆောင်ရွက်လျက်ရှိြပီး ယခုကဲ့သို့အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားအောင် ဆောင်ရွက်လျက်ရှိသဖြင့် အပြစ်မဲ့ပြည်သူများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေ သူများအား ပြည်သူများနှင့် အတူ ပူးပေါင်း၍ ဖမ်းဆီးရမိရေးနှင့် တရားဉပဒေအရ ထိရောက်စွာအရေး ယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။